
ကျွန်တော်တို့ကျောင်းရဲ့ ကောင်းကင်ကမြေပုံပါ။ အောက်နားလေးက လိုင်းလေးက ရန်ကုန်-မန္တလေး ကားလမ်းနဲ့ မီးရထားလမ်း အပြိုင်ပါ။ ကျောင်းကို ၀န်းခတ်ထားတာသိသာနိုင်ပါတယ်။ နောက်က ကွက်လပ်က ဘောလုံးကွင်းပါ။ ဘောလုံးကွင်းကို အလယ်ကထားပြီး ကျောင်းကို သုံးပိုင်းပိုင်းလို့ရပါတယ်။ ဒါဆိုရင် ကျောင်းထဲကို ၀င်တဲ့ လမ်း၂လမ်းကို သိသိသာသာမြင်နိုင်ပါပြီ။
ညာဘက်ကလမ်းက အဓိကလမ်းမကြီးပါ။ ပိတောက်ပင်တွေက ခြံရံထားတာပေါ့..... အဲဒီလမ်းမကြီးအတိုင်းလာရင်းနဲ့
ဘယ်ဘက်နားက အဆောက်အအုံတွေ ရှေ့ကိုချိုးလိုက်ရင် ..... အဲဒါကတစ်လမ်း... နောက်တစ်လမ်းက
အဆောက်အအုံနှစ်စုရဲ့ ကြားထဲမှာ... နောက်ဆုံးလမ်းက
ဘောလုံးကွင်းရှေ့မှာ......
ဘယ်ဘက်ဘေးက ဒေါင်လိုက်ကန့်လန့်ဖြတ်လမ်းက နောက်တစ်လမ်း.... စုစုပေါင်း လမ်း ၅ လမ်းရှိပါတယ်.....
အလျားလိုက် ၃ လမ်း၊
ဒေါင်လိုက် ၂ လမ်း။
မြင်ကြရဲ့လားဗျာ.....