The A, B and C buildings

ဤစာကို , ခေါင်းစဉ်ဖြင့် TGTCကျောင်းသားတစ်ဦး ရေးသားသည်။
အရင်ပို့စ်တစ်ခုထဲမှာ ကျွန်တော်က ကျောင်းလခသွင်းတဲ့အဆောင်ကိုတော့ မိတ်ဆက်ပေးထားပါပြီ။ အဲ့ဒီပို့စ်ထဲက ဓါတ်ပုံကတော့ လမ်းကိုပဲအသားပေးပြီး ရိုက်ထားတာပါ။ အခုဒီပုံကတော့ အဆောင်ဘက်ထဲ လှည့်ပြီးရိုက်ထားခြင်းပါ။ ပိုအဆင်ပြေမယ်လို့ထင်ပါတယ်.... A အဆောင်နဲ့ဆက်လျှက် B နဲ့ C အဆောင်ပါ.....

နောက်ပြီး ဒီလမ်းကလေးရဲ့ အရှေ့မှာ ထင်းရှူးပင်လိုမျိုး ပင်လယ်ကဗွီးပင်တွေပေါက်နေလို့ `ပင်လယ်ကဗွီးလမ်း´လို့ သတ်မှတ်မိပါကြောင်း..............

ကျောင်းမြေပုံ (from Google Earth)

ဤစာကို ခေါင်းစဉ်ဖြင့် TGTCကျောင်းသားတစ်ဦး ရေးသားသည်။
ကျွန်တော်တို့ကျောင်းရဲ့ ကောင်းကင်ကမြေပုံပါ။ အောက်နားလေးက လိုင်းလေးက ရန်ကုန်-မန္တလေး ကားလမ်းနဲ့ မီးရထားလမ်း အပြိုင်ပါ။ ကျောင်းကို ၀န်းခတ်ထားတာသိသာနိုင်ပါတယ်။ နောက်က ကွက်လပ်က ဘောလုံးကွင်းပါ။ ဘောလုံးကွင်းကို အလယ်ကထားပြီး ကျောင်းကို သုံးပိုင်းပိုင်းလို့ရပါတယ်။ ဒါဆိုရင် ကျောင်းထဲကို ၀င်တဲ့ လမ်း၂လမ်းကို သိသိသာသာမြင်နိုင်ပါပြီ။ ညာဘက်ကလမ်းက အဓိကလမ်းမကြီးပါ။ ပိတောက်ပင်တွေက ခြံရံထားတာပေါ့..... အဲဒီလမ်းမကြီးအတိုင်းလာရင်းနဲ့ ဘယ်ဘက်နားက အဆောက်အအုံတွေ ရှေ့ကိုချိုးလိုက်ရင် ..... အဲဒါကတစ်လမ်း... နောက်တစ်လမ်းက အဆောက်အအုံနှစ်စုရဲ့ ကြားထဲမှာ... နောက်ဆုံးလမ်းက ဘောလုံးကွင်းရှေ့မှာ...... ဘယ်ဘက်ဘေးက ဒေါင်လိုက်ကန့်လန့်ဖြတ်လမ်းက နောက်တစ်လမ်း.... စုစုပေါင်း လမ်း ၅ လမ်းရှိပါတယ်..... အလျားလိုက် ၃ လမ်းဒေါင်လိုက် ၂ လမ်း

မြင်ကြရဲ့လားဗျာ.....

ကျောင်းအတွင်းက လမ်းများ ၂

ဤစာကို , , ခေါင်းစဉ်ဖြင့် TGTCကျောင်းသားတစ်ဦး ရေးသားသည်။
ဒီပုံကတော့ ကျွန်တော်ပြောခဲ့တဲ့ ကျောင်းအ၀င်လမ်းမကြီး(ပိတောက်လမ်းလို့ပဲ မှတ်လိုက်ကြပါတော့ဗျာ) ကို အတွင်းထဲမှ ဓါတ်ပုံရိုက်ထားခြင်းသာ ဖြစ်ပါတယ်.... (ဘွဲ့ယူအခမ်းအနား ကျင်းပချိန်မို့လို့ အလံတိုင်တွေပါနေ တာပါ)

နောက်တစ်ပုံရှိပါသေးတယ်...

ဒါပေမယ့် လူတွေပါနေလို့ ရှင်းတဲ့ပုံလေးပဲ တင်လိုက်တာပါ။




ဒီတစ်လမ်းကတော့ ကျောင်းလမ်းမကြီးကနေ ၀င်လာပြီး ပထမဆုံးတွေ့ရတဲ့ လမ်းမလေးပါ....

အခုပုံရဲ့ ညာဘက်နောက်ဆုံးက အဆောက်အအုံက ကျောင်းရဲ့ ရုံးခန်းအဆောင်လို့ပြောလို့ရပါတယ်.....

ကျောင်းလခသွားသွင်းရင် အဲ့ဒီအဆောင်(နံပါတ်ကတော့ C - အဆောင်ပါ) ကိုသွားပြီးသွင်းရတာပါ.....

အမှတ်တရဖြစ်မိတာက သူငယ်ချင်းတွေက ကျောင်းလခသွင်းပြီဆိုရင် လစဉ်သွင်းသွားကြတာရှားပါတယ်... ၂လ၊ ၃လ လောက်စုပြီးပေးတဲ့သူနဲ့၊ ကျောင်းစဖွင့်ကတည်းက အကုန်သွင်းထားတဲ့သူနဲ့၊ ၅လ၊ ၆လ လောက်နေမှ သွင်းတဲ့သူနဲ့ အစုံပါပဲ.. တချို့သူငယ်ချင်းတွေဆို (ကျွန်တော်လည်းပါပါတယ်) စာမေးပွဲဖြေခါနီးကျမှ (မသွင်းရင် မဖြေရလို့ အမိန့်ထုတ်လို့) သွင်းကြတာမျိုးတွေလည်းရှိပါတယ်......

ကျောင်းလခအကြွေးကျန်စာရင်းထုတ်တဲ့အခါကျမှ ကိုယ့်နံမည်ပါလို့အပြေးအလွှား လခသွားသွင်းရတဲ့အဖြစ်မျိုးတွေ.....

သူငယ်ချင်းရေ... နင်ကော... သတိရမိလား? လွမ်းမိလား?

၁။ မမေ့ရက်နိုင်စရာ ကျောင်းအတွင်းက ဓါတ်ပုံများ (လေးကျော်တင်ဘုရား)

ဤစာကို ခေါင်းစဉ်ဖြင့် TGTCကျောင်းသားတစ်ဦး ရေးသားသည်။



















သူငယ်ချင်းတွေနဲ့ စာသွားကျက်ကြတဲ့ ဘုရားထဲက ဇရပ်လေးကို သတိရလိုက်တာ.....

သူငယ်ချင်းတို့ရေ.... မင်းတို့တော့မသိဘူး... ဇရပ်ကျောင်းဆောင်လေးရဲ့အေးချမ်းတဲ့ နေရာလေးမှာ နှီးဖျာလေးတွေပေါ်ထိုင်ပြီး စာကျက်ကြတာလေ.... ပီးတော့ ဇရပ်ထဲက ခါချဉ်တွေ..... ငါတော့ အဲဒါတွေကို သတိရနေမိတယ်.....

သြော်... ဘုရားပုံတွေတင်ထားပီးတော့ ငါ့မှာ ဇရပ်အကြောင်းကို ပြောနေတာ... ဒီစေတီလေးက ကျွန်တော်တို့ GTCကျောင်းဝန်းထဲက `လေးကျော်တင်´စေတီလေးပါ......

စာမေးပွဲအတွက်ဆုတောင်းတာတို့၊ သီတင်းကျွတ်မှာဆိုရင်၊ စေတီအုတ်ခုံ ပတ်ပတ်လည်မှာ ဖယောင်းတိုင်ထွန်းပြီး ပူဇော်တာတို့၊ အမျိုးမျိုးပါပဲ.... ဘာသာရေးအသိုင်းအ၀ိုင်းလေးရှိနေတာပေါ့..... ဒီစေတီလေးက အစတုန်းက (ကျွန်တော်တို့ ကျောင်းတက်ခါစက) ဆိုရင် ထုံးသင်္ကန်းပဲကပ်ထားတာပါ။ ရွှေသင်္ကန်းကပ်တာက သိပ်မကြာသေးဘူးဗျ။

ဒုတိယပုံရဲ့ ဘယ်ဘက်က သွပ်မိုးလေးက ကျွန်တော်စောစောကပြောတဲ့ ဇရပ်ခေါင်မိုးလေးပါ.......