ကျွန်တော်ဟာ

ဤစာကို ခေါင်းစဉ်ဖြင့် TGTCကျောင်းသားတစ်ဦး ရေးသားသည်။
ကျွန်တော်က 2000 မှာ ၁၀တန်းအောင်ခဲ့ပါတယ်... ဒါနဲ့ GTC ကိုသဘောကျလို့တတ်ခဲ့တယ်.... မေဂျာကတော့ E.P ( လျှပ်စစ်စွမ်းအား ) ပါ။ 2006 မှာ B.E ကိုအောင်မြင်ခဲ့ပါတယ်....
သို့ပေမယ့်လည်း ကျောင်းသားတစ်ယောက်ဖြစ်ခဲ့သူပီပီ.. ကျောင်းကိုလွမ်းတယ်... ဒါနဲ့ ဒီဘလော့လေးကို ရေးဖို့ဖြစ်လာခဲ့ပါတယ်... နောက်နောင် အမှတ်ရစရာလေးတွေ ကြုံလာတိုင်းရေးဖြစ်နေဦးမှာပါ... ဒီဘလော့ကို ဒိုင်ယာရီအနေနဲ့သတ်မှတ်လို့မရသလို မှတ်တမ်းတစ်ခုအနေနဲ့လည်းသတ်မှတ်လို့ မရပြန်ပါဘူး။
ဘာလို့လဲဆိုတော့ သတိရစရာတွေဟာ အစဉ်အတိုင်းမဖြစ်နိုင်သလို၊ အခုမှတွေးတောမိတဲ့ တွေးတောချက်တွေဟာလည်း အရင်တုန်းက စဉ်းစားမိခဲ့တဲ့အရာတွေ မဟုတ်နိုင်လို့ပါပဲ....။

ဘာပဲဖြစ်ဖြစ် ကျွန်တော့်ဘလော့လေးကို အားပေးမယ်ဆိုရင်ပဲ..... ၀မ်းသာလှပါပြီဗျာ...

2 ခုလောက်တော့မှတ်ချက်တွေရေးထားကြတယ်

Make A Comment