မိုးတွေတဖွဲဖွဲ

ဤစာကို ခေါင်းစဉ်ဖြင့် TGTCကျောင်းသားတစ်ဦး ရေးသားသည်။
မိုးတွင်းဆိုတော့ မိုးရွာမှာပေါ့နော်.. ဟဲ ဟဲ....

မိုးတွေရွာနေတော့ ကျောင်းတုန်းက မိုးတွင်းကာလတွေကို သတိရမိတယ်ဗျာ... ကျောင်းက အမြင့်ပိုင်းမှာ (ကျောင်းတည်နေရာ နေရာကသိပ်မနိမ့်ခြင်းကိုသာဆိုလိုပါသည်... တောင်ငူမြို့က မြေပြန့်သာဖြစ်ပါသည်။) ရှိတော့ ရေသိပ်မတင်ပေမယ့်လည်း ရေထွက်ပေါက်မရှိတာကြောင့် တချို့နေရာလေးတွေမှာ ရေနည်းနည်း အိုင်ထွန်းနေတတ်ပါတယ် သွားရလာရတာ သိပ်အဆင်မပြေဘူးပေါ့... ကျွန်တော်တို့ကျောင်းတတ်ချိန်က သိပ်ကံကောင်းတယ်လို့ဆိုရမယ်.... ကျွန်တော်တို့ စ, မတတ်ခင်တုန်းက ကျောင်းတွင်းလမ်းတွေက မြေနီလမ်းသာသာတွေသာ ရှိပါတယ်.. မိုးတွင်းဆို လမ်းလျှောက်ရတာ `တဇွပ်ဇွပ်´နဲ့လို့ အစ်ကိုကြီးတချို့က ပြောဖူးပါတယ်......


ဘာကို အဓိက ဆိုလိုချင်တာလဲဆိုတော့.....
ကျောင်းသားတွေထုံးစံအတိုင်း မိုးအေးရင် ကွေးမယ်ဆိုတာ.... ရှိတတ်သလို အားကစားလုပ်တဲ့သူတွေလည်း ရှိပါတယ်.. ခြင်းခတ်၊ ဘောလုံးကန်ပေါ့... မိုးရွာရင် ဘောလုံးကန်ကြတာက များပါတယ်... ကျောင်းသားတွေ ဘောလုံးကန်တော့ ကျောင်းဝန်းထဲက ကွင်းထဲမှာ ကန်လို့မရဘူးဗျ.. ကွင်းကြီးက ထိန်းသိမ်းမှုသိပ်မရှိတော့ ကိုင်းတောနဲနဲထနေတယ်... ကွင်းထဲကိုဆင်းရင် ခြေထောက်ဆူးနင်းမိမှာပဲ...
အဲဒါကြောင့် ကန်ရိုးရွာရဲ့ဘောလုံးကွင်းထဲသွားကန်ကြတာများပါတယ်..... ချိန်းပီးကန်တယ်ဆိုရင်ပဲ ကျောင်းသားတွေအချင်းချင်း ကန်ရင်ကန်၊ ရွာသားတွေနဲ့ ချိန်းကန်ကြတာလည်းရှိပါတယ်...

ကျောင်းအတွင်းက လမ်းများ ၂

ဤစာကို , , ခေါင်းစဉ်ဖြင့် TGTCကျောင်းသားတစ်ဦး ရေးသားသည်။
ဒီပုံကတော့ ကျွန်တော်ပြောခဲ့တဲ့ ကျောင်းအ၀င်လမ်းမကြီး(ပိတောက်လမ်းလို့ပဲ မှတ်လိုက်ကြပါတော့ဗျာ) ကို အတွင်းထဲမှ ဓါတ်ပုံရိုက်ထားခြင်းသာ ဖြစ်ပါတယ်.... (ဘွဲ့ယူအခမ်းအနား ကျင်းပချိန်မို့လို့ အလံတိုင်တွေပါနေ တာပါ)

နောက်တစ်ပုံရှိပါသေးတယ်...

ဒါပေမယ့် လူတွေပါနေလို့ ရှင်းတဲ့ပုံလေးပဲ တင်လိုက်တာပါ။




ဒီတစ်လမ်းကတော့ ကျောင်းလမ်းမကြီးကနေ ၀င်လာပြီး ပထမဆုံးတွေ့ရတဲ့ လမ်းမလေးပါ....

အခုပုံရဲ့ ညာဘက်နောက်ဆုံးက အဆောက်အအုံက ကျောင်းရဲ့ ရုံးခန်းအဆောင်လို့ပြောလို့ရပါတယ်.....

ကျောင်းလခသွားသွင်းရင် အဲ့ဒီအဆောင်(နံပါတ်ကတော့ C - အဆောင်ပါ) ကိုသွားပြီးသွင်းရတာပါ.....

အမှတ်တရဖြစ်မိတာက သူငယ်ချင်းတွေက ကျောင်းလခသွင်းပြီဆိုရင် လစဉ်သွင်းသွားကြတာရှားပါတယ်... ၂လ၊ ၃လ လောက်စုပြီးပေးတဲ့သူနဲ့၊ ကျောင်းစဖွင့်ကတည်းက အကုန်သွင်းထားတဲ့သူနဲ့၊ ၅လ၊ ၆လ လောက်နေမှ သွင်းတဲ့သူနဲ့ အစုံပါပဲ.. တချို့သူငယ်ချင်းတွေဆို (ကျွန်တော်လည်းပါပါတယ်) စာမေးပွဲဖြေခါနီးကျမှ (မသွင်းရင် မဖြေရလို့ အမိန့်ထုတ်လို့) သွင်းကြတာမျိုးတွေလည်းရှိပါတယ်......

ကျောင်းလခအကြွေးကျန်စာရင်းထုတ်တဲ့အခါကျမှ ကိုယ့်နံမည်ပါလို့အပြေးအလွှား လခသွားသွင်းရတဲ့အဖြစ်မျိုးတွေ.....

သူငယ်ချင်းရေ... နင်ကော... သတိရမိလား? လွမ်းမိလား?