အခုလွမ်းမိဆဲ

ဤစာကို ခေါင်းစဉ်ဖြင့် TGTCကျောင်းသားတစ်ဦး ရေးသားသည်။
ဒီနေ့ဆို ကျောင်းနဲ့ဝေးခဲ့တာ ခွဲခွါခဲ့တာ တစ်နှစ်ပတ်ဝန်းကျင်ရှိသွားပါပြီ။ ဒီနေ့ ဘယ်လိုဖြစ်မှန်းကိုမသိဘူး ကျောင်းတုန်းကဘ၀ကို တကယ်လွမ်းမိတယ်..... တိုက်ဆိုင်တယ်ရယ်လို့မဟုတ်ဘဲ ကျောင်းသားဖြစ်ခြင်း ဘ၀တစ်နေရာကို ပြန်လည်သတိရအောက်မေ့မိခြင်းပါ။
တချို့သူတွေဆို ခလေးငယ်ငယ်တုန်းက ဘ၀ကိုပြန်လည်အမှတ်တရရှိမိကြတတ်ပါတယ်။
ဒါပေမယ့် ကျနော်ဟာ ကျနော့်ကျောင်း(ဂျီတီစီ) ရှိတဲ့အရပ်နဲ့တော်တော်ဝေးဝေးမှာပါ.... (မြန်မာနိုင်ငံထဲမှာပါပဲ တမျိုးထင်နေကြဦးမယ်... )
အရင်တုန်းကဆို ကျောင်းထဲပြေးကြည့်ချင်စိတ်ပေါက်ရင် ပြေးကြည့်လို့ရပေမယ့် အခုဆိုမရနိုင်တဲ့အခြေအနေပါ။ တကယ်လွမ်းမိတယ်၊ သတိရမိတယ်.. ဒါကြောင့် ဟိုဘက်က “ခရီးသွားမှတ်တမ်းဘလော့”လေးကို မရေးမိဘဲ ကျောင်းသားဘလော့ဘက်မှာ လာရောက်ရေးမိခြင်းပါ....

ပထမဆုံးကဗျာစာအုပ်

ဤစာကို , ခေါင်းစဉ်ဖြင့် TGTCကျောင်းသားတစ်ဦး ရေးသားသည်။
ကဗျာစာအုပ်လေးတစ်အုပ်
မျက်နှာဖုံးကေ၀၀ါးဆဲ
အတွေးနုနုကလေးတွေတည်ဆောက်တုန်းကပေါ့

ပထမဆုံးကဗျာစာအုပ်ဆိုတာ ကျွန်တော်ရေးတဲ့ ကျွန်တော့်ကလောင်နံမည်ပါတဲ့ ကျောင်းတုန်းကထွက်ခဲ့တဲ့ ကဗျာစာအုပ်တစ်အုပ်ပါ။ ကျွန်တော်က အဲ့ဒီအချိန်မှာ ဒုတိယနှစ် ပထမအသုတ် ( 2nd year 1st semester ) ပဲရှိပါသေးတယ်။
ကဗျာကို ၀ါသနာပါတယ်က အထက်တန်းကျောင်းမှာကတည်းကပါ။ ၉ - တန်းလောက်မှာ ကဗျာစာအုပ် တစ်အုပ်ထုတ်ဖူးတယ်။ ကျွန်တော်ကဦးဆောင်ပြီးတော့ သူငယ်ချင်းတချို့နဲ့ ထုတ်လိုက်တာပါ ( အမှန်တော့ အဖေကိုယ်တိုင်နောက်က ကြပ်မတ်ပြီး လုပ်ဆောင်ပေးခဲ့တာ )
ဂျီတီစီတက်ပြီး ပထမနှစ်မှာ ဘာမှမလုပ်ကြသေးပါဘူး။ သူငယ်ချင်းတွေကလည်း အသစ်တွေ၊ အစိမ်းတွေ၊ သိပ်မခင်ကြသေးဘူးပေါ့။ ဒုတိယနှစ်အစမှာပဲ ကျွန်တော်ကစပြီး စာပေအတွက်လှုပ်ရှားမှုတွေလုပ်တော့တာပဲ။ ကျွန်တော်တို့မေဂျာ ကျွန်တော်တို့အတန်းထဲမှာ ပြောတာနော်။ တခြားအတန်းတွေတော့ သွားပြီးမကျယ်ရဲဘူး။ ကိုယ့်ထက်တက်တဲ့သူတွေမို့လို့ပါ။
အဲ့ဒီစာအုပ်လေးကို အစ်မတစ်ယောက်က စာစီပေးတယ်။ ကျွန်တော်က မျက်နှာဖုံးဒီဇိုင်းဆွဲတယ်။ ၁၂၀ လောက်တော့ထုတ်လိုက်ရပါတယ်။ အမှတ်တရဖြစ်သွားတာပါပဲ။ နောက်မှပဲ အဲ့ဒီစာအုပ်အဖုံးနဲ့ ကဗျာတချို့ကို ပြန်ပြီးရေးတော့မယ်။ အခုတော့ နည်းနည်းများသွားတော့ ဒီလောက်နဲ့ပဲ ရပ်လိုက်တော့မယ်။






ပထမအကြိမ်ဘွဲ့ယူတုန်းက

ဤစာကို ခေါင်းစဉ်ဖြင့် TGTCကျောင်းသားတစ်ဦး ရေးသားသည်။
ပထမအကြိမ်ဘွဲ့ယူတာက နည်းပညာဘွဲ့ပါ (B-tech) ... အဲ့ကလိုအချိန်တုန်းက အိမ်ကလူကြီးတွေကိုလည်းမခေါ်ဘဲနဲ့ သူငယ်ချင်းတွေပဲ စုပြီး ၀ိုင်းဝန်းပြင်ဆင်ပြီးသွားကြရတာပါ...

အဲဒီတုန်းက အဆောင်ကသူငယ်ချင်းတွေဆီကို ၀င်ထွက်သွားလာနေတော့ ဘွဲ့ယူမယ့် မနက်စောစောလောက်မှာ အိမ်ကနေရေချိုးပြီးတော့ ထွက်ခဲ့တယ်.. အဆောင်ရောက်တော့မှ အ၀တ်အစားလဲတယ်...

ဒီပုံကတော့ မှန်ကြီးဆိုတဲ့သူငယ်ချင်းနဲ့ (သူအ၀တ်မလဲခင်) ရိုက်ထားတဲ့ပုံပါ.... အကြိုနေ့ကပါ....

ကျောင်းဝန်းထဲရောက်ခဲ့တဲ့ နေ့တုန်းက

ဤစာကို ခေါင်းစဉ်ဖြင့် TGTCကျောင်းသားတစ်ဦး ရေးသားသည်။
အင်း... ပြောရမယ်ဆိုရင် ကျောင်းနဲ့ဝေးနေတာ ကြာပါပြီ (ပြောမယ့်သာပြောရတယ်.. ကျောင်းပြီးတာက မနှစ်ကမှ)
ဘာကြောင့် ဒီခေါင်းစဉ်တပ်ခဲ့ရလဲဆိုရင် ကျွန်တော်တို့ B.E exam ပီးတော့ ပရောဂျက်လုပ်ရတယ်... အဲ့ဒီ ပရောဂျက်ပြီးကတည်းကိုက ကျောင်းကို သိပ်မရောက်ဖြစ်တော့ဘူး။ result ကိုတောင်မှ သူများလာပြောလို့ သိရတာဗျ။
ကျောင်းနဲ့ဝေးလို့လားဆိုတော့... ဟုတ်ဘူးဗျ။ ကျွန်တော်နေတဲ့မြို့နားမှာပဲ ကျောင်းကရှိတာလေ။ ကန်ရိုးရွာအလွန် လေးမှာပေါ့...
သွားဖို့ကိစ္စမရှိသေးတာရယ်... မအားတာရယ်ကြောင့် မသွားဖြစ်တာဗျ.....
နောက်ပိုင်း... ဘယ်တော့မှ ရောက်ဖြစ်လဲဆိုတော့....
ဘွဲ့ယူဖို့ လျှောက်လွှာတင်ဖို့ ကိစ္စပေါ်လာတော့မှပဲ... ဒါကြောင့် ကျောင်းဝန်းထဲကို ရောက်တဲ့နေ့က ဘွဲ့ယူမယ့်နေ့ဖြစ်နေရကြောင်းပါဗျာ......