The A, B and C buildings

ဤစာကို , ခေါင်းစဉ်ဖြင့် TGTCကျောင်းသားတစ်ဦး ရေးသားသည်။
အရင်ပို့စ်တစ်ခုထဲမှာ ကျွန်တော်က ကျောင်းလခသွင်းတဲ့အဆောင်ကိုတော့ မိတ်ဆက်ပေးထားပါပြီ။ အဲ့ဒီပို့စ်ထဲက ဓါတ်ပုံကတော့ လမ်းကိုပဲအသားပေးပြီး ရိုက်ထားတာပါ။ အခုဒီပုံကတော့ အဆောင်ဘက်ထဲ လှည့်ပြီးရိုက်ထားခြင်းပါ။ ပိုအဆင်ပြေမယ်လို့ထင်ပါတယ်.... A အဆောင်နဲ့ဆက်လျှက် B နဲ့ C အဆောင်ပါ.....

နောက်ပြီး ဒီလမ်းကလေးရဲ့ အရှေ့မှာ ထင်းရှူးပင်လိုမျိုး ပင်လယ်ကဗွီးပင်တွေပေါက်နေလို့ `ပင်လယ်ကဗွီးလမ်း´လို့ သတ်မှတ်မိပါကြောင်း..............

ကျောင်းအတွင်းက လမ်းများ ၂

ဤစာကို , , ခေါင်းစဉ်ဖြင့် TGTCကျောင်းသားတစ်ဦး ရေးသားသည်။
ဒီပုံကတော့ ကျွန်တော်ပြောခဲ့တဲ့ ကျောင်းအ၀င်လမ်းမကြီး(ပိတောက်လမ်းလို့ပဲ မှတ်လိုက်ကြပါတော့ဗျာ) ကို အတွင်းထဲမှ ဓါတ်ပုံရိုက်ထားခြင်းသာ ဖြစ်ပါတယ်.... (ဘွဲ့ယူအခမ်းအနား ကျင်းပချိန်မို့လို့ အလံတိုင်တွေပါနေ တာပါ)

နောက်တစ်ပုံရှိပါသေးတယ်...

ဒါပေမယ့် လူတွေပါနေလို့ ရှင်းတဲ့ပုံလေးပဲ တင်လိုက်တာပါ။




ဒီတစ်လမ်းကတော့ ကျောင်းလမ်းမကြီးကနေ ၀င်လာပြီး ပထမဆုံးတွေ့ရတဲ့ လမ်းမလေးပါ....

အခုပုံရဲ့ ညာဘက်နောက်ဆုံးက အဆောက်အအုံက ကျောင်းရဲ့ ရုံးခန်းအဆောင်လို့ပြောလို့ရပါတယ်.....

ကျောင်းလခသွားသွင်းရင် အဲ့ဒီအဆောင်(နံပါတ်ကတော့ C - အဆောင်ပါ) ကိုသွားပြီးသွင်းရတာပါ.....

အမှတ်တရဖြစ်မိတာက သူငယ်ချင်းတွေက ကျောင်းလခသွင်းပြီဆိုရင် လစဉ်သွင်းသွားကြတာရှားပါတယ်... ၂လ၊ ၃လ လောက်စုပြီးပေးတဲ့သူနဲ့၊ ကျောင်းစဖွင့်ကတည်းက အကုန်သွင်းထားတဲ့သူနဲ့၊ ၅လ၊ ၆လ လောက်နေမှ သွင်းတဲ့သူနဲ့ အစုံပါပဲ.. တချို့သူငယ်ချင်းတွေဆို (ကျွန်တော်လည်းပါပါတယ်) စာမေးပွဲဖြေခါနီးကျမှ (မသွင်းရင် မဖြေရလို့ အမိန့်ထုတ်လို့) သွင်းကြတာမျိုးတွေလည်းရှိပါတယ်......

ကျောင်းလခအကြွေးကျန်စာရင်းထုတ်တဲ့အခါကျမှ ကိုယ့်နံမည်ပါလို့အပြေးအလွှား လခသွားသွင်းရတဲ့အဖြစ်မျိုးတွေ.....

သူငယ်ချင်းရေ... နင်ကော... သတိရမိလား? လွမ်းမိလား?

ကျောင်းအတွင်းက လမ်းများ

ဤစာကို ခေါင်းစဉ်ဖြင့် TGTCကျောင်းသားတစ်ဦး ရေးသားသည်။
ကျွန်တော်တို့ သူငယ်ချင်းတစ်စု ရူးသွပ်ဖူးခဲ့ကြတယ်....
ဘာကိုလဲဆိုတော့ ကျောင်းဝန်းထဲက လမ်းလေးတွေကို နံမည်ပေးဖို့... ပေါ့.... ဒါတွေဟာ နောင်တစ်ချိန်မှာ အကျိုးဖြစ်လာနိုင်စရာရှိတယ်လေ... မဟုတ်ဘူးလားဗျ....
ဒါပေမယ့် နောက်ပိုင်းကျတော့ အကြောင်းကြောင်းကြောင့် ဖြစ်မလာခဲ့ပါဘူး၊ ဖြစ်လာခဲ့ရင်တော့ တော်တော်လှပသွားမှာပေါ့လေ......

ကျွန်တော်တို့ ကျောင်းဝန်းက ကန်ရိုးရွာနဲ့ တစ်ဆက်တည်းဗျ... ကန်ရိုးမှာက သီဟိုဠ်ပင်တွေပေါတယ်... အဲ့ဒီတော့ ကျောင်းဝန်းထဲမှာလည်း သီဟိုဠ်ပင်တွေရှိတယ်ပေါ့ဗျာ.... ရှိတာတောင်မှ ဟိုတစ်ပင်၊ ဒီတစ်ပင် မဟုတ်ဘူး... လမ်းတစ်လျှောက်ကို ရှိတာဗျ... ဒါကြောင့် အဲ့ဒီလမ်းလေးကို `သီဟိုဠ်လမ်း´လို့ ပေးဖို့ စိတ်ကူးခဲ့ကြပါတယ်.... အဲဒီလမ်းက `လေးကျော်တင်´ဘုရား အ၀င်မုဒ်ဦးရှေ့တည့်တည့်က လမ်းပဲဖြစ်ပါတယ် (ကျွန်တော်ရိုက်ဖို့ ကျန်သွားတာဗျ)... E အဆောင်ရှေ့နဲ့တူတူပဲ.......

နောက်တစ်လမ်းက `ပိတောက်လမ်း´.... ကျောင်းအ၀င်ဝကလမ်းမကြီးပါ.... ဘာလို့လဲဆိုတော့ အဲဒီလမ်းဘေး တစ်ဘက်တစ်ချက်တွေမှာ ပိတောက်ပင်ကြီးတွေရှိလို့ပါပဲ.....

အဲ့ဒီလို အဲ့ဒီလိုပေါ့ ရှိတဲ့အပင်လေးတွေပေါ်မူတည်ပီး နံမည်ပေးသွားကြဖို့စဉ်းစားခဲ့ကြတယ်.. ကျောင်းမှာက အဓိကလမ်းမကြီး ၅ လမ်းရှိပါတယ်.....

ကျောင်းက စက်မှု၊ လက်မှုကျောင်း (institute) ကနေဖြစ်လာတာဆိုတော့ ထမင်းစားဆောင်တွေ၊ ကျောင်းသား တွေ၊ ဆရာတွေ နေဖို့ အဆောင်တွေ ကျောင်းထဲမှာရှိတယ်ဗျ.... ဒီအကြောင်းကိုတော့ နောက်မှ ဆက်ပြောတော့မယ်။