နေရာပြောင်းခြင်း

ဤစာကို ခေါင်းစဉ်ဖြင့် TGTCကျောင်းသားတစ်ဦး ရေးသားသည်။
ဟုတ်ကဲ့..
ကျွန်တော်တို့ ဂျီတီစီကျောင်းလေးကို ဂျီတီယူ (တက္ကသိုလ်ဖြစ်သွားခြင်း) အဖြစ်ပြောင်းလဲပြီး နေရာကိုလည်း လွမ်းမောဖွယ်အတိ၊ အရိပ်အာဝါသအတိရှိလှတဲ့ ကန်ရိုးမည်သော ကျေးရွာလေးမှစွန့်ကာ ကေတုမတီမြို့သစ်သို့ ပြောင်းရွှေ့လိုက်ပါပြီ။
ကျွန်တော်လည်းပဲ ၀င်မရေးဖြစ်တာ တော်တော်လေးကို ကြာနေပါပြီ။
ဒါ့ကြောင့် အမှတ်ရစွာနဲ့ နည်းနည်းဝင်ရေးလိုက်တာပါ။
ကျွန်တော်လည်း နေရာရွှေ့ပြောင်းပါပြီလို့ ..
အရင် gtctoneka.blogspot.com မှ ယခု http://gtc.taungoo.net သို့ပြောင်းရွှေ့လိုက်ပါပြီ။

စကားမစပ်ပြောရဦးမယ်
ယခုဘလော့နဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ဘလော့နဲ့ Theme ချင်းသွားတူနေတယ်လို့ပြောတာကို သူကမတူပါဘူးလို့ ပြန်ပြောတယ်။ သူသိအောင်ပဲ ဒီကနေဖြေရှင်းလိုက်ပါရစေ...
ကျွန်တော်က သူသုံးတဲ့ theme ကိုပဲ အခြေခံပြီး ပြန်လည်ပြုပြင်ပြီး သုံးထားတာပါ။ ဒါကြောင့် ထပ်တူကြီးမဆင်သော်ငြားလည်း တော်တော်များများတူပါတယ်လို့ ပြောလိုက်ပါတယ်ဗျာ..

အခုစနေပါပြီ

ဤစာကို ခေါင်းစဉ်ဖြင့် TGTCကျောင်းသားတစ်ဦး ရေးသားသည်။
ကျွန်တော်တော့ ခရီးသွားခဲ့သမျှဓါတ်ပုံလေးတွေ၊ အမှတ်တရလေးတွေတင်ဖို့ အခြေအနေဖြစ်လာပါတယ်။ Websiteဖြစ်ပေါ်လာဖို့အတွက် ကြိုးစားခဲ့ရတာတွေထဲမှာ (နောက်ဆုံး) blogger ကအဆင်အပြေဆုံးဖြစ်သွားပါတယ်။ ဒါကြောင့်ပဲ blogger ထဲမှာ အကောင့်တစ်ခုထပ်ယူပြီး ကျွန်တော်ဓါတ်ပုံတွေ တင်နေပါပြီ။ အခုဆိုရင် သွားကြည့်လို့ရနေပါပြီ။ နောက်ပြီးတော့ mmcyber.net ကိုပြောင်းလဲပုံဖေါ်နေတာလေးတွေ လာရောက်ကြည့်ရှုလို့ရနေပါပြီ။

ကျွန်တော်လုပ်နေတဲ့ ဘလော့အသစ်ကတော့>>> http://www.mmcyber.net/donutnotes<<<>>>http://donut-notes.blogspot.com<<<

အခုတောင်ကြီးမှာ

ဤစာကို ခေါင်းစဉ်ဖြင့် TGTCကျောင်းသားတစ်ဦး ရေးသားသည်။
အခုတလော ခရီးတွေထွက်နေရလို့ ခေါင်းထဲမှာ ကျောင်းတုန်းကအကြောင်းတွေသိပ်မရှိဖြစ်ဘူး။ ဒါပေမယ့် တခါတရံမှာတော့ သစ်ပင်တွေငေးကြည့်မိတိုင်းသတိရမိပါတယ်........
ဒါကြောင့်အခုလို ADSL sys. လေးရတဲ့အချိန်မှာ ဇော်ဂျီဖောင့်လေးချက်ချင်းဒေါင်းလုဒ်လုပ်ပြီး ကောက်ရေးလိုက်ရတာပါ.... သူငယ်ချင်းတွေနဲ့လည်းမတွေ့ရတာကြာပြီ... ဒါကြောင့်ဗျာ......

How to add flash into blog

ဤစာကို , ခေါင်းစဉ်ဖြင့် TGTCကျောင်းသားတစ်ဦး ရေးသားသည်။
မင်္ဂလာပါ... ကျွန်တော်တော့အခုတလောနည်းနည်းရှုပ်နေတယ်ဗျ... ADSL စနစ်ကို ပြောင်းမလို့ကြံနေတုန်းမှာ ကော်နက်ရှင်တွေခဏနားထားရဦးမယ်ဗျ....
ဒီတနေ့လုပ်ဖြစ်တာကတော့ ကိုယ့်ရဲ့blogထဲမှာ flash movies file လေးတွေကို ထည့်ဖို့ပါ.. အင်တာနက်ထဲ ရှာရင်းမေးရင်းနဲ့ပဲ တွေ့လို့ပါ....

ဒီလိုဗျာ...
လုပ်ချင်နေတဲ့ ဖလက်ရှ်ဖိုင်ကို www.photobucket.com လိုမျိုး flash host ပေးတဲ့ဆိုဒ်မှာသွားတင်။
ရလာတဲ့လင့်ကို အောက်ထဲက YOUR FLASH ANIMATION LINK HERE.swf ဆိုတဲ့နေရာမှာထည့်။ ဒါဆို ရပါပြီ။ ( ဒါပေမယ့် ဘလော့ဂ်မှာ html/java script element ကိုရွေးမှသာ အဆင်ပြေနိုင်မှာပါ )

ဘာကြောင့်ဝေးနေ

ဤစာကို ခေါင်းစဉ်ဖြင့် TGTCကျောင်းသားတစ်ဦး ရေးသားသည်။
ကျွန်တော်ဒီဘလော့လေးကို လှည့်မကြည့်ဖြစ်တာ ကြာနေပါပြီ။ အခြေအနေတွေ အမျိုးမျိုးကြောင့်ပါပဲ ( ဆင်ခြေတွေပေးရလွန်းလို့ ဆင်ခြေကျောင်းသားဖြစ်တော့မယ်ထင်တယ် )

ဒါ့အပြင် အခုတလော အပေါင်းအသင်းတချို့နဲ့ပေါင်းမိပြီး ( ကျောင်းတုန်းက သူငယ်ချင်းတွေမဟုတ်ပါဘူး ) ၀က်ဆိုဒ်တစ်ခု ( ဖိုရမ်တစ်ခု ) လုပ်ဖို့လုံးပန်းနေကြတာ တော်တော်လေးကို ခေါင်းခြောက်နေမိတယ်။ သူများတွေက language နိုင်နိုင်၊ အင်တာနက်နိုင်နိုင်နဲ့ လုပ်ကြတာ ကျွန်တော်တို့ခမျာ ဟိုမနိုင်၊ ဒီမနိုင်နဲ့ ဟိုလူ့ကိုကပ်၊ ဒီလူ့ကိုအကူအညီတောင်း နည်းမျိုးစုံနဲ့ နှိပ်စက်နေကြတာပါ။ အကူအညီတွေပေးကြတဲ့ အစ်ကိုတွေကိုလည်း ကျေးဇူးအရမ်းတင်မိပါတယ်... အဲ့ဒီ ဖိုရမ်လေးဟာ နောက်တစ်ပတ်လောက်နေရင် ပေါ်ထွက်လာစရာတော့ရှိမယ်လို့ ထင်တယ်... အခုတော့ စမ်းစမ်းလေးနဲ့ လုပ်နေရတယ်။
---- ဒါက နံပါတ် ( ၁ ) စာမရေးဖြစ်တဲ့ အကြောင်း

နောက်ပြီးတော့ ---
ကျွန်တော်ဒုက္ခရောက်ရတာက စာတွေရေးမယ်လို့ ခေါင်းထဲမှာတွေးမိလိုက်တိုင်း မဖြစ်လာတော့တာပဲ... ဒီလိုပါ.. ကျွန်တော် စာရေးမယ်ဆိုရင် တခြားကိစ္စတွေလုပ်နေလို့ မအားရတာနဲ့.... ဟိုသွားရတာ၊ ဒီသွားရတာနဲ့ .... ကီးမကိုက်တာတွေနဲ့ ..... အို.... အစုံ၊ အစုံပါပဲ... အခုတလော ကြုံလိုက်ရတဲ့ ပြဿနာကတော့ ဇော်ဂျီဖောင့်ပျောက်နေခြင်းပါပဲ.... Start Bar ပေါ်က Language bar က မပေါ်လာတော့ဘူး... အဲ့ဒီတော့ ဇော်ဂျီနဲ့က ရေးမရဘူး.. စာရေးတာကလည်း မြန်မာလိုပဲ ကျွမ်းတာဆိုတော့ကာ............
အဲ့ဒီဟာကလေးပျောက်နေတာကို နည်းမျိုးစုံသုံးပြီး ပြန်လိုက်ရှာတယ်။ ဖိုရမ်တချို့မှာ သွားအော်တယ် ( အကူအညီသွားတောင်းတာပါ ) ဘယ်သူမှ ပြန်မရှင်းပေးထားဘူး။ uninstall လုပ်ပြီး install ပြန်လုပ်တယ်။ မရဘူး........ ။ Control Panel ထဲက Regional and Language မှာလည်း သွားပြင်တယ်... မရပါ.... စက်ထဲက Font မှာလည်း သွားကြည့်တယ် ဖောင့်ရှိနေတယ်.... ရေးထားတဲ့စာတွေကို မြင်ရတယ်.... ၀င်ရေးလို့မရဘူးဖြစ်နေတာဗျ...
အခုတော့အားလုံးအဆင်ပြေသွားပါပြီ။......

ဘယ်လိုလုပ်လိုက်သလဲဆိုတော့.......

Control Panel >> Regional and Language Options >> Language Tab >> Details
အဲ့ဒီထဲက Setting မှာသွားကြည့်ရတယ်... ဇော်ဂျီကြီးကတော့ ငုတ်တုပ်ကြီးရှိနေတယ်... Language Bar ကပေါ်မလာတာဗျ။
အဲ့ဒါနဲ့ Installed services အောက်မှာ သွားပြီး Add လိုက်တယ်.... နောက်ထပ် language ကတော့ ကိုယ်ကြိုက်တာကိုယ်ရွေးလိုက်တယ် ( France ဆိုပြီး ရွေးလိုက်တာပဲ ) ဒါဆိုရင် ပုံထဲကလို နှစ်ခုဖြစ်သွားရော.... အဲ့ဒီ အခါမှ Language Bar က ပေါ်တော်မူလာပါတော့တယ်ခင်ဗျာ...................... ( အဲ့ဒီလို ဆိုးဝါးမှုတွေ ကြုံခဲ့ရတယ်ဗျာ )

ဒီနေ့

ဤစာကို , ခေါင်းစဉ်ဖြင့် TGTCကျောင်းသားတစ်ဦး ရေးသားသည်။
ဒီနေ့တစ်နေကုန်ကို ဒီအကျဉ်းချုပ် အကျယ်ချဲ့လုပ်နေရတာနဲ့ ဘာစာမှမရေးဖြစ်ဘူးဗျ.....

မီးကလည်း ပြတ်နေတာများတယ်... အရေးထဲ မီးစက်ကလည်း ပျက်နေတယ်.. ကော်နက်ချင်ကလည်း သိပ်မကောင်းတော့ ဖီးမလာသေးဘူး... မိုးတွေရွာတဲ့ အချိန်ရောက်ရင် ဒုက္ခရောက်တယ်ဗျ.... အခုလည်း မိုးအုံ့လိုက်၊ မိုးရွာလိုက်နဲ့ဗျာ......

How can i read myanmar font in this forum?

ဤစာကို , ခေါင်းစဉ်ဖြင့် TGTCကျောင်းသားတစ်ဦး ရေးသားသည်။
Hello friends!

I think you may have an error when watching the posts cuz all are in Myanmar font. But this is not a problem. To reset the myanmar font, there is an easy and simple way to get.
  1. You should need Myanmar Unicode font for reading posts such as Alpha Zawgyi, Alpha Mandalay, MyMyanmar etc. - But I do use Zawgyi-One font format in this blog.
  2. So you may download this font first from Here or as an mirror of download Files from Our groups - http://groups.google.com/group/TGTC-students/files.
  3. And then press Start button from Start Bar. Control Panel > Fonts to install new font (Zawgyi-One font). As an another way, you can Copy the Zawgyi-One font which is downloaded and Paste it in the Control Panel > Fonts.
  4. Final step is to alignment the fonts .. So.. If you use Mozilla Firefox Browser, Choose Tools > Options in this browser. Then you can meet the Options dialog box. Choose the Content Tab so.. you can see... like this.


  • As the first picture, Press Advanced button.
  • Then you can see the dialog box as the second picture, So Change to Zawgyi-One font in the fields pointed by Red aRRows.


Later you will be okay I think........
Thank you for launching to my blog.

GTC student