သတိရလို့ပြန်ကြည့်မိရင်......

ဤစာကို ခေါင်းစဉ်ဖြင့် TGTCကျောင်းသားတစ်ဦး ရေးသားသည်။
ကျွန်တော်တို့ တောင်ငူဂျီတီစီကျောင်းကိုလွမ်းကြတဲ့အဖွဲ့ထဲက သူငယ်ချင်းတစ်ယောက်ရဲ့ပြောပြချက်ကို နားဆင်ကြည့်ပါဦးဗျာ.....


ခုနေပြည်တော်ကို ရောက်တာဒီနေ့ဆိုရင် ၈ လ

တောင်ရှိသွားပြီ...

တောင်ငူနဲ့နေပြည်တော်အသွားအပြန်
ကျောင်းရှေ့ကဖြတ်သွားတိုင်း ရထားပေါ်ကနေ
ကျောင်းကိုငေးငေးပြီးကြည့်လိုက်ရတာ အမောပဲ....... (အရင်ကဆိုရင်
ကျောင်းသွားရင်းလမ်းပေါ်ကနေသာ ရထားကို ငေးကြည့်၊ လမ်းပိတ်ရင် ရပ်ပြီး
စောင့်ရတာပဲရှိခဲ့တာ ။ အဲဒီတုန်းကတော့ မစဉ်းစားမိဘူး
ဒီလိုရထားပေါ်ကနေကျောင်းကြီးကို လွမ်းစိတ်နဲ့ ငေးကြည့်ရမယ်လို့ ) ဘေးက
လုပ်ဖော်ကိုင်ဖက်တစ်ချို့ကိုလည်းပြောပြ..ဒါပေါ့ တို့တက်ခဲ့တဲ့
တောင်ငူဂျီတီစီ ဆိုတာလေ ...ကျောင်းအကြောင်းတွေ ၊သူငယ်ချင်းအကြောင်းတွေကို
ပြန်ပြောပြနေရရင် ကိုယ့်ကိုကိုယ် နေပြည်တော်က အစိုးရဝန်ထမ်းဘဝကို
မေ့သွားပြီး ဂျီတီစီကျောင်းသူလေးတစ်ယောက်
ဘဝကိုပြန်ရောက်သွားမိတယ် ။ ပြန်ပြီးလန်းဆန်းတက်ကြွနေမိတယ်။ ဟုတ်တယ်
အလုပ်ထဲမှိာိစိတ်ညစ်စရာတွေတွေ့ရရင် ကျောင်းသားဘဝက
ပျော်စရာတွေကိုတွေးပြီး စိတ်ဖြေဖြတ်သန်းခဲ့ရတာ ။ ပျော်စရာတွေတင်
မဟုတ်ပါဘူး... ခုချိန်မှာတော့ အဲဒီတုန်းက စိတ်နာစရာ၊စိတ်ညစ်စရာတွေ ၊
အဆင်မပြေတဲ့ ပြဿနာတွေ ၊ အဖွဲ့လိုက်ဗရုတ်ကျခဲ့တာတွေ ၊ တစ်ယောက်တည်း heart
ထိခဲ့တာတွေ အကုန် အကုန် ပါပဲ ...
အားလုံးဟာ ကျောင်းသားဘဝအမှတ်တရတွေပါပဲ...........
ခုဆိုရင် သူငယ်ချင်းတွေလည်း ကိုယ့်လမ်းကိုယ်လျှောက်နေကြပြီ ...
လမ်းတစ်ကွေ့မှာတွေ့ကြရင် အော်ခေါ်ကြေး
နော် ....နာမည်မေ့နေရင်လဲ ပြုံးပြနှုတ်ဆက်ကြေးနော်.......(မျောက် ၈ -
ကောင်)ဆိုတဲ့ နာမည်လေးလည်း လွမ်းမိတယ်....ဟားဟား .....မကြိုက်ပေမဲ့
ခုတော့ အမှတ်တရ တစ်ခုအနေနဲ့ပေါ့.................

Posted by : Nay Ni
Ref; from : http://groups.google.com/group/TGTC-students

0 ခုလောက်တော့မှတ်ချက်တွေရေးထားကြတယ်

Make A Comment