နေရာပြောင်းခြင်း

ဤစာကို ခေါင်းစဉ်ဖြင့် TGTCကျောင်းသားတစ်ဦး ရေးသားသည်။
ဟုတ်ကဲ့..
ကျွန်တော်တို့ ဂျီတီစီကျောင်းလေးကို ဂျီတီယူ (တက္ကသိုလ်ဖြစ်သွားခြင်း) အဖြစ်ပြောင်းလဲပြီး နေရာကိုလည်း လွမ်းမောဖွယ်အတိ၊ အရိပ်အာဝါသအတိရှိလှတဲ့ ကန်ရိုးမည်သော ကျေးရွာလေးမှစွန့်ကာ ကေတုမတီမြို့သစ်သို့ ပြောင်းရွှေ့လိုက်ပါပြီ။
ကျွန်တော်လည်းပဲ ၀င်မရေးဖြစ်တာ တော်တော်လေးကို ကြာနေပါပြီ။
ဒါ့ကြောင့် အမှတ်ရစွာနဲ့ နည်းနည်းဝင်ရေးလိုက်တာပါ။
ကျွန်တော်လည်း နေရာရွှေ့ပြောင်းပါပြီလို့ ..
အရင် gtctoneka.blogspot.com မှ ယခု http://gtc.taungoo.net သို့ပြောင်းရွှေ့လိုက်ပါပြီ။

စကားမစပ်ပြောရဦးမယ်
ယခုဘလော့နဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ဘလော့နဲ့ Theme ချင်းသွားတူနေတယ်လို့ပြောတာကို သူကမတူပါဘူးလို့ ပြန်ပြောတယ်။ သူသိအောင်ပဲ ဒီကနေဖြေရှင်းလိုက်ပါရစေ...
ကျွန်တော်က သူသုံးတဲ့ theme ကိုပဲ အခြေခံပြီး ပြန်လည်ပြုပြင်ပြီး သုံးထားတာပါ။ ဒါကြောင့် ထပ်တူကြီးမဆင်သော်ငြားလည်း တော်တော်များများတူပါတယ်လို့ ပြောလိုက်ပါတယ်ဗျာ..

0 ခုလောက်တော့မှတ်ချက်တွေရေးထားကြတယ်

Make A Comment