အခုလွမ်းမိဆဲ

ဤစာကို ခေါင်းစဉ်ဖြင့် TGTCကျောင်းသားတစ်ဦး ရေးသားသည်။
ဒီနေ့ဆို ကျောင်းနဲ့ဝေးခဲ့တာ ခွဲခွါခဲ့တာ တစ်နှစ်ပတ်ဝန်းကျင်ရှိသွားပါပြီ။ ဒီနေ့ ဘယ်လိုဖြစ်မှန်းကိုမသိဘူး ကျောင်းတုန်းကဘ၀ကို တကယ်လွမ်းမိတယ်..... တိုက်ဆိုင်တယ်ရယ်လို့မဟုတ်ဘဲ ကျောင်းသားဖြစ်ခြင်း ဘ၀တစ်နေရာကို ပြန်လည်သတိရအောက်မေ့မိခြင်းပါ။
တချို့သူတွေဆို ခလေးငယ်ငယ်တုန်းက ဘ၀ကိုပြန်လည်အမှတ်တရရှိမိကြတတ်ပါတယ်။
ဒါပေမယ့် ကျနော်ဟာ ကျနော့်ကျောင်း(ဂျီတီစီ) ရှိတဲ့အရပ်နဲ့တော်တော်ဝေးဝေးမှာပါ.... (မြန်မာနိုင်ငံထဲမှာပါပဲ တမျိုးထင်နေကြဦးမယ်... )
အရင်တုန်းကဆို ကျောင်းထဲပြေးကြည့်ချင်စိတ်ပေါက်ရင် ပြေးကြည့်လို့ရပေမယ့် အခုဆိုမရနိုင်တဲ့အခြေအနေပါ။ တကယ်လွမ်းမိတယ်၊ သတိရမိတယ်.. ဒါကြောင့် ဟိုဘက်က “ခရီးသွားမှတ်တမ်းဘလော့”လေးကို မရေးမိဘဲ ကျောင်းသားဘလော့ဘက်မှာ လာရောက်ရေးမိခြင်းပါ....

အခုစနေပါပြီ

ဤစာကို ခေါင်းစဉ်ဖြင့် TGTCကျောင်းသားတစ်ဦး ရေးသားသည်။
ကျွန်တော်တော့ ခရီးသွားခဲ့သမျှဓါတ်ပုံလေးတွေ၊ အမှတ်တရလေးတွေတင်ဖို့ အခြေအနေဖြစ်လာပါတယ်။ Websiteဖြစ်ပေါ်လာဖို့အတွက် ကြိုးစားခဲ့ရတာတွေထဲမှာ (နောက်ဆုံး) blogger ကအဆင်အပြေဆုံးဖြစ်သွားပါတယ်။ ဒါကြောင့်ပဲ blogger ထဲမှာ အကောင့်တစ်ခုထပ်ယူပြီး ကျွန်တော်ဓါတ်ပုံတွေ တင်နေပါပြီ။ အခုဆိုရင် သွားကြည့်လို့ရနေပါပြီ။ နောက်ပြီးတော့ mmcyber.net ကိုပြောင်းလဲပုံဖေါ်နေတာလေးတွေ လာရောက်ကြည့်ရှုလို့ရနေပါပြီ။

ကျွန်တော်လုပ်နေတဲ့ ဘလော့အသစ်ကတော့>>> http://www.mmcyber.net/donutnotes<<<>>>http://donut-notes.blogspot.com<<<