ကျွန်တော်နှစ်ခြိုက်ခဲ့သောကဗျာများ - ၂ ( ပထမဆုံးကဗျာစာအုပ်မှ )

ဤစာကို , ခေါင်းစဉ်ဖြင့် TGTCကျောင်းသားတစ်ဦး ရေးသားသည်။
ပထမဆုံးကဗျာစာအုပ်မှ ကျွန်တော်နှစ်သက်သော.....

---------------------


အတုံ့ (စောနေမျိုး )


ပေတစ်ခုလို ဘ၀အချိန်မို့
ရင်တွင်းမှာ ခံရာခက်သော်လည်း
ကြိတ်မှိတ်ခံ တလည်လည်အတွေးရယ်နဲ့
အားမတန်ချိန်မို့သာ မာန်ကိုလျော့ရတယ်
သို့တစေ နာကျင်ခံပြင်းမှုရယ်က
ရင်တွင်းပြည့်လျှံ

လောကဓံအလှည့်အပြောင်းကြုံလို့
သင်တဖန် ပေအဖြစ်မျိုးကြုံခဲ့
ဇောချွေးပြန် ရွှေရင်မစို့ပါနဲ့
မိုးရဲရင် ဆောင်းရဲရမှာပေါ့
ထီမထင် မာန်ကိုပြင် တူစုံကိုင်ရင်း
ထုမယ်ဟန်ပြင် တူကိုလေတွင် လွှင့်လိုက်တယ်
စာနာစိတ်ထား ။ ။


ထင်မြင်ချက်။ ။ ဘ၀တစ်ခုအရင်းတည်ရာမှာ ဘုံလုံတစ်လှည့်၊ ငါးဖျံတစ်လှည့် ကြုံလာတတ်ပါတယ်။ ကိုယ့်အလှည့်တုန်းက ခံစားခဲ့ရသမျှကို စင်ပေါ်အရောက်မှာ ကလဲ့စားချေခွင့်ကြုံသော်ငြား စာနာစိတ်နဲ့ ခွင့်လွှတ်ခဲ့ပုံကို “တူနဲ့ပေ” အဖြစ်တင်စားပြီးရေးပြသွားတာပါ။ လေးစားမိပါရဲ့ သူငယ်ချင်း။

0 ခုလောက်တော့မှတ်ချက်တွေရေးထားကြတယ်

Make A Comment