ကျောင်းဝန်းထဲရောက်ခဲ့တဲ့ နေ့တုန်းက

ဤစာကို ခေါင်းစဉ်ဖြင့် TGTCကျောင်းသားတစ်ဦး ရေးသားသည်။
အင်း... ပြောရမယ်ဆိုရင် ကျောင်းနဲ့ဝေးနေတာ ကြာပါပြီ (ပြောမယ့်သာပြောရတယ်.. ကျောင်းပြီးတာက မနှစ်ကမှ)
ဘာကြောင့် ဒီခေါင်းစဉ်တပ်ခဲ့ရလဲဆိုရင် ကျွန်တော်တို့ B.E exam ပီးတော့ ပရောဂျက်လုပ်ရတယ်... အဲ့ဒီ ပရောဂျက်ပြီးကတည်းကိုက ကျောင်းကို သိပ်မရောက်ဖြစ်တော့ဘူး။ result ကိုတောင်မှ သူများလာပြောလို့ သိရတာဗျ။
ကျောင်းနဲ့ဝေးလို့လားဆိုတော့... ဟုတ်ဘူးဗျ။ ကျွန်တော်နေတဲ့မြို့နားမှာပဲ ကျောင်းကရှိတာလေ။ ကန်ရိုးရွာအလွန် လေးမှာပေါ့...
သွားဖို့ကိစ္စမရှိသေးတာရယ်... မအားတာရယ်ကြောင့် မသွားဖြစ်တာဗျ.....
နောက်ပိုင်း... ဘယ်တော့မှ ရောက်ဖြစ်လဲဆိုတော့....
ဘွဲ့ယူဖို့ လျှောက်လွှာတင်ဖို့ ကိစ္စပေါ်လာတော့မှပဲ... ဒါကြောင့် ကျောင်းဝန်းထဲကို ရောက်တဲ့နေ့က ဘွဲ့ယူမယ့်နေ့ဖြစ်နေရကြောင်းပါဗျာ......

1 ခုလောက်တော့မှတ်ချက်တွေရေးထားကြတယ်

Make A Comment