မိုးတွေတဖွဲဖွဲ

ဤစာကို ခေါင်းစဉ်ဖြင့် TGTCကျောင်းသားတစ်ဦး ရေးသားသည်။
မိုးတွင်းဆိုတော့ မိုးရွာမှာပေါ့နော်.. ဟဲ ဟဲ....

မိုးတွေရွာနေတော့ ကျောင်းတုန်းက မိုးတွင်းကာလတွေကို သတိရမိတယ်ဗျာ... ကျောင်းက အမြင့်ပိုင်းမှာ (ကျောင်းတည်နေရာ နေရာကသိပ်မနိမ့်ခြင်းကိုသာဆိုလိုပါသည်... တောင်ငူမြို့က မြေပြန့်သာဖြစ်ပါသည်။) ရှိတော့ ရေသိပ်မတင်ပေမယ့်လည်း ရေထွက်ပေါက်မရှိတာကြောင့် တချို့နေရာလေးတွေမှာ ရေနည်းနည်း အိုင်ထွန်းနေတတ်ပါတယ် သွားရလာရတာ သိပ်အဆင်မပြေဘူးပေါ့... ကျွန်တော်တို့ကျောင်းတတ်ချိန်က သိပ်ကံကောင်းတယ်လို့ဆိုရမယ်.... ကျွန်တော်တို့ စ, မတတ်ခင်တုန်းက ကျောင်းတွင်းလမ်းတွေက မြေနီလမ်းသာသာတွေသာ ရှိပါတယ်.. မိုးတွင်းဆို လမ်းလျှောက်ရတာ `တဇွပ်ဇွပ်´နဲ့လို့ အစ်ကိုကြီးတချို့က ပြောဖူးပါတယ်......


ဘာကို အဓိက ဆိုလိုချင်တာလဲဆိုတော့.....
ကျောင်းသားတွေထုံးစံအတိုင်း မိုးအေးရင် ကွေးမယ်ဆိုတာ.... ရှိတတ်သလို အားကစားလုပ်တဲ့သူတွေလည်း ရှိပါတယ်.. ခြင်းခတ်၊ ဘောလုံးကန်ပေါ့... မိုးရွာရင် ဘောလုံးကန်ကြတာက များပါတယ်... ကျောင်းသားတွေ ဘောလုံးကန်တော့ ကျောင်းဝန်းထဲက ကွင်းထဲမှာ ကန်လို့မရဘူးဗျ.. ကွင်းကြီးက ထိန်းသိမ်းမှုသိပ်မရှိတော့ ကိုင်းတောနဲနဲထနေတယ်... ကွင်းထဲကိုဆင်းရင် ခြေထောက်ဆူးနင်းမိမှာပဲ...
အဲဒါကြောင့် ကန်ရိုးရွာရဲ့ဘောလုံးကွင်းထဲသွားကန်ကြတာများပါတယ်..... ချိန်းပီးကန်တယ်ဆိုရင်ပဲ ကျောင်းသားတွေအချင်းချင်း ကန်ရင်ကန်၊ ရွာသားတွေနဲ့ ချိန်းကန်ကြတာလည်းရှိပါတယ်...

ကျောင်းမြေပုံ (from Google Earth)

ဤစာကို ခေါင်းစဉ်ဖြင့် TGTCကျောင်းသားတစ်ဦး ရေးသားသည်။
ကျွန်တော်တို့ကျောင်းရဲ့ ကောင်းကင်ကမြေပုံပါ။ အောက်နားလေးက လိုင်းလေးက ရန်ကုန်-မန္တလေး ကားလမ်းနဲ့ မီးရထားလမ်း အပြိုင်ပါ။ ကျောင်းကို ၀န်းခတ်ထားတာသိသာနိုင်ပါတယ်။ နောက်က ကွက်လပ်က ဘောလုံးကွင်းပါ။ ဘောလုံးကွင်းကို အလယ်ကထားပြီး ကျောင်းကို သုံးပိုင်းပိုင်းလို့ရပါတယ်။ ဒါဆိုရင် ကျောင်းထဲကို ၀င်တဲ့ လမ်း၂လမ်းကို သိသိသာသာမြင်နိုင်ပါပြီ။ ညာဘက်ကလမ်းက အဓိကလမ်းမကြီးပါ။ ပိတောက်ပင်တွေက ခြံရံထားတာပေါ့..... အဲဒီလမ်းမကြီးအတိုင်းလာရင်းနဲ့ ဘယ်ဘက်နားက အဆောက်အအုံတွေ ရှေ့ကိုချိုးလိုက်ရင် ..... အဲဒါကတစ်လမ်း... နောက်တစ်လမ်းက အဆောက်အအုံနှစ်စုရဲ့ ကြားထဲမှာ... နောက်ဆုံးလမ်းက ဘောလုံးကွင်းရှေ့မှာ...... ဘယ်ဘက်ဘေးက ဒေါင်လိုက်ကန့်လန့်ဖြတ်လမ်းက နောက်တစ်လမ်း.... စုစုပေါင်း လမ်း ၅ လမ်းရှိပါတယ်..... အလျားလိုက် ၃ လမ်းဒေါင်လိုက် ၂ လမ်း

မြင်ကြရဲ့လားဗျာ.....

ကျောင်းအတွင်းက လမ်းများ ၂

ဤစာကို , , ခေါင်းစဉ်ဖြင့် TGTCကျောင်းသားတစ်ဦး ရေးသားသည်။
ဒီပုံကတော့ ကျွန်တော်ပြောခဲ့တဲ့ ကျောင်းအ၀င်လမ်းမကြီး(ပိတောက်လမ်းလို့ပဲ မှတ်လိုက်ကြပါတော့ဗျာ) ကို အတွင်းထဲမှ ဓါတ်ပုံရိုက်ထားခြင်းသာ ဖြစ်ပါတယ်.... (ဘွဲ့ယူအခမ်းအနား ကျင်းပချိန်မို့လို့ အလံတိုင်တွေပါနေ တာပါ)

နောက်တစ်ပုံရှိပါသေးတယ်...

ဒါပေမယ့် လူတွေပါနေလို့ ရှင်းတဲ့ပုံလေးပဲ တင်လိုက်တာပါ။




ဒီတစ်လမ်းကတော့ ကျောင်းလမ်းမကြီးကနေ ၀င်လာပြီး ပထမဆုံးတွေ့ရတဲ့ လမ်းမလေးပါ....

အခုပုံရဲ့ ညာဘက်နောက်ဆုံးက အဆောက်အအုံက ကျောင်းရဲ့ ရုံးခန်းအဆောင်လို့ပြောလို့ရပါတယ်.....

ကျောင်းလခသွားသွင်းရင် အဲ့ဒီအဆောင်(နံပါတ်ကတော့ C - အဆောင်ပါ) ကိုသွားပြီးသွင်းရတာပါ.....

အမှတ်တရဖြစ်မိတာက သူငယ်ချင်းတွေက ကျောင်းလခသွင်းပြီဆိုရင် လစဉ်သွင်းသွားကြတာရှားပါတယ်... ၂လ၊ ၃လ လောက်စုပြီးပေးတဲ့သူနဲ့၊ ကျောင်းစဖွင့်ကတည်းက အကုန်သွင်းထားတဲ့သူနဲ့၊ ၅လ၊ ၆လ လောက်နေမှ သွင်းတဲ့သူနဲ့ အစုံပါပဲ.. တချို့သူငယ်ချင်းတွေဆို (ကျွန်တော်လည်းပါပါတယ်) စာမေးပွဲဖြေခါနီးကျမှ (မသွင်းရင် မဖြေရလို့ အမိန့်ထုတ်လို့) သွင်းကြတာမျိုးတွေလည်းရှိပါတယ်......

ကျောင်းလခအကြွေးကျန်စာရင်းထုတ်တဲ့အခါကျမှ ကိုယ့်နံမည်ပါလို့အပြေးအလွှား လခသွားသွင်းရတဲ့အဖြစ်မျိုးတွေ.....

သူငယ်ချင်းရေ... နင်ကော... သတိရမိလား? လွမ်းမိလား?

အခုလက်ရှိ ဘလော့အခြေအနေ

ဤစာကို ခေါင်းစဉ်ဖြင့် TGTCကျောင်းသားတစ်ဦး ရေးသားသည်။
ကျွန်တော်ရေးနေတဲ့ ဘလော့အတွက်ကို ပုံလေးတွေ တင်မလို့ကြံထားတာ .. ကော်နက်ရှင်က လုံးဝမစွန်ပါ။ ဘလော့ဂါမှာ ထရက်ဖစ်များဖြစ်နေတာလား၊ မမကော်နက်ချင်က ရာသီဥတုကြောင့်များလား ဆိုတာကို မခွဲခြားတတ်တော့ပါဘူးဗျာ....


ကျောင်းအတွင်းက လမ်းများ

ဤစာကို ခေါင်းစဉ်ဖြင့် TGTCကျောင်းသားတစ်ဦး ရေးသားသည်။
ကျွန်တော်တို့ သူငယ်ချင်းတစ်စု ရူးသွပ်ဖူးခဲ့ကြတယ်....
ဘာကိုလဲဆိုတော့ ကျောင်းဝန်းထဲက လမ်းလေးတွေကို နံမည်ပေးဖို့... ပေါ့.... ဒါတွေဟာ နောင်တစ်ချိန်မှာ အကျိုးဖြစ်လာနိုင်စရာရှိတယ်လေ... မဟုတ်ဘူးလားဗျ....
ဒါပေမယ့် နောက်ပိုင်းကျတော့ အကြောင်းကြောင်းကြောင့် ဖြစ်မလာခဲ့ပါဘူး၊ ဖြစ်လာခဲ့ရင်တော့ တော်တော်လှပသွားမှာပေါ့လေ......

ကျွန်တော်တို့ ကျောင်းဝန်းက ကန်ရိုးရွာနဲ့ တစ်ဆက်တည်းဗျ... ကန်ရိုးမှာက သီဟိုဠ်ပင်တွေပေါတယ်... အဲ့ဒီတော့ ကျောင်းဝန်းထဲမှာလည်း သီဟိုဠ်ပင်တွေရှိတယ်ပေါ့ဗျာ.... ရှိတာတောင်မှ ဟိုတစ်ပင်၊ ဒီတစ်ပင် မဟုတ်ဘူး... လမ်းတစ်လျှောက်ကို ရှိတာဗျ... ဒါကြောင့် အဲ့ဒီလမ်းလေးကို `သီဟိုဠ်လမ်း´လို့ ပေးဖို့ စိတ်ကူးခဲ့ကြပါတယ်.... အဲဒီလမ်းက `လေးကျော်တင်´ဘုရား အ၀င်မုဒ်ဦးရှေ့တည့်တည့်က လမ်းပဲဖြစ်ပါတယ် (ကျွန်တော်ရိုက်ဖို့ ကျန်သွားတာဗျ)... E အဆောင်ရှေ့နဲ့တူတူပဲ.......

နောက်တစ်လမ်းက `ပိတောက်လမ်း´.... ကျောင်းအ၀င်ဝကလမ်းမကြီးပါ.... ဘာလို့လဲဆိုတော့ အဲဒီလမ်းဘေး တစ်ဘက်တစ်ချက်တွေမှာ ပိတောက်ပင်ကြီးတွေရှိလို့ပါပဲ.....

အဲ့ဒီလို အဲ့ဒီလိုပေါ့ ရှိတဲ့အပင်လေးတွေပေါ်မူတည်ပီး နံမည်ပေးသွားကြဖို့စဉ်းစားခဲ့ကြတယ်.. ကျောင်းမှာက အဓိကလမ်းမကြီး ၅ လမ်းရှိပါတယ်.....

ကျောင်းက စက်မှု၊ လက်မှုကျောင်း (institute) ကနေဖြစ်လာတာဆိုတော့ ထမင်းစားဆောင်တွေ၊ ကျောင်းသား တွေ၊ ဆရာတွေ နေဖို့ အဆောင်တွေ ကျောင်းထဲမှာရှိတယ်ဗျ.... ဒီအကြောင်းကိုတော့ နောက်မှ ဆက်ပြောတော့မယ်။





ကျောင်းဝန်းထဲရောက်ခဲ့တဲ့ နေ့တုန်းက

ဤစာကို ခေါင်းစဉ်ဖြင့် TGTCကျောင်းသားတစ်ဦး ရေးသားသည်။
အင်း... ပြောရမယ်ဆိုရင် ကျောင်းနဲ့ဝေးနေတာ ကြာပါပြီ (ပြောမယ့်သာပြောရတယ်.. ကျောင်းပြီးတာက မနှစ်ကမှ)
ဘာကြောင့် ဒီခေါင်းစဉ်တပ်ခဲ့ရလဲဆိုရင် ကျွန်တော်တို့ B.E exam ပီးတော့ ပရောဂျက်လုပ်ရတယ်... အဲ့ဒီ ပရောဂျက်ပြီးကတည်းကိုက ကျောင်းကို သိပ်မရောက်ဖြစ်တော့ဘူး။ result ကိုတောင်မှ သူများလာပြောလို့ သိရတာဗျ။
ကျောင်းနဲ့ဝေးလို့လားဆိုတော့... ဟုတ်ဘူးဗျ။ ကျွန်တော်နေတဲ့မြို့နားမှာပဲ ကျောင်းကရှိတာလေ။ ကန်ရိုးရွာအလွန် လေးမှာပေါ့...
သွားဖို့ကိစ္စမရှိသေးတာရယ်... မအားတာရယ်ကြောင့် မသွားဖြစ်တာဗျ.....
နောက်ပိုင်း... ဘယ်တော့မှ ရောက်ဖြစ်လဲဆိုတော့....
ဘွဲ့ယူဖို့ လျှောက်လွှာတင်ဖို့ ကိစ္စပေါ်လာတော့မှပဲ... ဒါကြောင့် ကျောင်းဝန်းထဲကို ရောက်တဲ့နေ့က ဘွဲ့ယူမယ့်နေ့ဖြစ်နေရကြောင်းပါဗျာ......

၁။ မမေ့ရက်နိုင်စရာ ကျောင်းအတွင်းက ဓါတ်ပုံများ (လေးကျော်တင်ဘုရား)

ဤစာကို ခေါင်းစဉ်ဖြင့် TGTCကျောင်းသားတစ်ဦး ရေးသားသည်။



















သူငယ်ချင်းတွေနဲ့ စာသွားကျက်ကြတဲ့ ဘုရားထဲက ဇရပ်လေးကို သတိရလိုက်တာ.....

သူငယ်ချင်းတို့ရေ.... မင်းတို့တော့မသိဘူး... ဇရပ်ကျောင်းဆောင်လေးရဲ့အေးချမ်းတဲ့ နေရာလေးမှာ နှီးဖျာလေးတွေပေါ်ထိုင်ပြီး စာကျက်ကြတာလေ.... ပီးတော့ ဇရပ်ထဲက ခါချဉ်တွေ..... ငါတော့ အဲဒါတွေကို သတိရနေမိတယ်.....

သြော်... ဘုရားပုံတွေတင်ထားပီးတော့ ငါ့မှာ ဇရပ်အကြောင်းကို ပြောနေတာ... ဒီစေတီလေးက ကျွန်တော်တို့ GTCကျောင်းဝန်းထဲက `လေးကျော်တင်´စေတီလေးပါ......

စာမေးပွဲအတွက်ဆုတောင်းတာတို့၊ သီတင်းကျွတ်မှာဆိုရင်၊ စေတီအုတ်ခုံ ပတ်ပတ်လည်မှာ ဖယောင်းတိုင်ထွန်းပြီး ပူဇော်တာတို့၊ အမျိုးမျိုးပါပဲ.... ဘာသာရေးအသိုင်းအ၀ိုင်းလေးရှိနေတာပေါ့..... ဒီစေတီလေးက အစတုန်းက (ကျွန်တော်တို့ ကျောင်းတက်ခါစက) ဆိုရင် ထုံးသင်္ကန်းပဲကပ်ထားတာပါ။ ရွှေသင်္ကန်းကပ်တာက သိပ်မကြာသေးဘူးဗျ။

ဒုတိယပုံရဲ့ ဘယ်ဘက်က သွပ်မိုးလေးက ကျွန်တော်စောစောကပြောတဲ့ ဇရပ်ခေါင်မိုးလေးပါ.......

ကျွန်တော်ဟာ

ဤစာကို ခေါင်းစဉ်ဖြင့် TGTCကျောင်းသားတစ်ဦး ရေးသားသည်။
ကျွန်တော်က 2000 မှာ ၁၀တန်းအောင်ခဲ့ပါတယ်... ဒါနဲ့ GTC ကိုသဘောကျလို့တတ်ခဲ့တယ်.... မေဂျာကတော့ E.P ( လျှပ်စစ်စွမ်းအား ) ပါ။ 2006 မှာ B.E ကိုအောင်မြင်ခဲ့ပါတယ်....
သို့ပေမယ့်လည်း ကျောင်းသားတစ်ယောက်ဖြစ်ခဲ့သူပီပီ.. ကျောင်းကိုလွမ်းတယ်... ဒါနဲ့ ဒီဘလော့လေးကို ရေးဖို့ဖြစ်လာခဲ့ပါတယ်... နောက်နောင် အမှတ်ရစရာလေးတွေ ကြုံလာတိုင်းရေးဖြစ်နေဦးမှာပါ... ဒီဘလော့ကို ဒိုင်ယာရီအနေနဲ့သတ်မှတ်လို့မရသလို မှတ်တမ်းတစ်ခုအနေနဲ့လည်းသတ်မှတ်လို့ မရပြန်ပါဘူး။
ဘာလို့လဲဆိုတော့ သတိရစရာတွေဟာ အစဉ်အတိုင်းမဖြစ်နိုင်သလို၊ အခုမှတွေးတောမိတဲ့ တွေးတောချက်တွေဟာလည်း အရင်တုန်းက စဉ်းစားမိခဲ့တဲ့အရာတွေ မဟုတ်နိုင်လို့ပါပဲ....။

ဘာပဲဖြစ်ဖြစ် ကျွန်တော့်ဘလော့လေးကို အားပေးမယ်ဆိုရင်ပဲ..... ၀မ်းသာလှပါပြီဗျာ...

အစ

ဤစာကို ခေါင်းစဉ်ဖြင့် TGTCကျောင်းသားတစ်ဦး ရေးသားသည်။
အခုမှ အစဆိုပါတော့ဗျာ.....

Introduction

ဤစာကို ခေါင်းစဉ်ဖြင့် TGTCကျောင်းသားတစ်ဦး ရေးသားသည်။
Hello all!
I want to announce my blog .. coz i was a student of G.T.C. but now G.T.C is changed to G.T.U. u know wht GTC is?
Let me explain a little. GTC = Government Technical College and GTU is University. okay?
I want to tell you the events which i met. This is an introduction of these.
So and i invite u to come and read.

Thz for all!